ညောင်တုန်းဆန်ကုန်သည်များအသင်းလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၅-၉-၂၀၂၃) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ စည်ပင်သာယာရေးကော်မတီရုံးခန်းမတွင် ဆန်ကုန်သည်အသင်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပါသည်။

   အဆိုပါဟောပြောဆွေးနွေးပွဲသို့ လုပ်ငန်းရှင် (၅၀)ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနသည် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များအား ဆန်/စပါးဈေးနှုန်းတည်ငြိမ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ လက်ရှိအခြေအနေတွင် ဖြစ်ပေါ်နေသည့်အကြောင်းအရာများနှင့်  တွေ့ကြုံနေရသည့်အခက်အခဲများကိုဆွေးနွေးခဲ့ကြပြီး လုပ်ငန်းရှင်များအား ဆန်များကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ (၂၅-၈-၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်သော ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ သိရှိလိုက်နာဆောင်ရွက်ရန် သတ်မှတ်သောဈေးနှုန်းများအတိုင်း ရောင်းချရေး လိုက်နာဆောင်ရွက်ကြရန်ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းရှင်များက သိရှိလိုသည်များနှင့် လုပ်ငန်းအခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ အခန်း(၂၃)ပါ တားမြစ်ချက်ဖြစ်သည့် မည်သူမျှ စားသုံးသူ သို့မဟုတ် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဦးကို ထိခိုက်နစ်နာစေရန် မရိုးမဖြောင့်သောသဘောဖြင့် မပြုလုပ်ရန် ကာကွယ်ပေးထားသည့် အချက်(၄)ချက်အကြောင်းကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင် မည်သူမျှ ကုန်စည်ဝန်ဆောင်မှုကိုထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် အချက်အများအကြောင်းကို သိရှိစေရန်ရှင်းလင်းဆွေးနွေးပြီး အခန်း(၂၄)ပါ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကိုလည်း အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)