မအူပင်ဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးအသိညာပေးဟောပြော

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် (၆-၉-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆီလုပ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပါသည်။

    အဆိုပါဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦး (ဦးစီးအရာ)ရှိက ဆီလုပ်ငန်းရှင်များအား  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ပြည်ပမှတင်သွင်းသည့် စားသုံးဆီများသတ်မှတ်အရည်အသွေးနှင့် စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်ကြပ်မတ်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူးရောင်းချ ပေးသောစားအုန်းဆီရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂% အမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချခြင်း၊ အလေးချိန်မှန်ကန်စွာရောင်းချပေးခြင်း၊ စနစ်တကျဝယ်ယူ/ ရောင်းချနေခြင်းကိုဆောင်ရွက်ရန်၊ စားအုန်းဆီ ၁ပိဿာလျှင် (၄၆၀၀) ကျပ်ဖြင့် စားသုံးသူပြည်သူများအား တန်းစီစနစ်ဖြင့် ရောင်းချပေးနေနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်၊  မအူပင်ဆီရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် စားသုံးသူကာကွယ်ဥပဒေပါ တာဝန်များကိုလိုက်နာဆောင်ရွက်ရန် အသိပညာပေးခဲ့ပြီး ဆီလုပ်ငန်းရှင် (၁၂)ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)