“ကျောက်ဆည်ခရိုင်အတွင်း ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ”

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်) အတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များမှာ ဧရာပဒေသာဆန်တစ်ပြည်လျှင် (၅၅၀ဝိ/-)ကျပ်၊ ဧရာပဒေသာဆန်(၂၄)ပြည်ပါ တစ်အိတ်လျှင် (၁၃၀၀၀ဝိ/-) ကျပ်၊ မနောသုခဆန်တစ်ပြည်လျှင် (၃၈၀ဝိ/-)ကျပ်၊ မနောသုခဆန်(၂၄)ပြည်ပါ တစ်အိတ်လျှင် (၉၂၀၀ဝိ/)ကျပ် ခရမ်းချဉ်သီး(ရှမ်း)လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၄၀ဝိ/-)ကျပ်၊ ကြက်သွန်နီလက်လီဈေးနှုန်းမှာ (ကြီး)တစ်ပိဿာလျှင် (၃၂၀ဝိ/-)ကျပ်၊ (လတ်)တစ်ပိဿာလျှင် (၃၀၀ဝိ/-)ကျပ်၊ (အသေး) တစ်ပိဿာလျှင် (၂၄၀ဝိ/-)ကျပ်၊ ကြက်သွန်ဖြူလက်လီ(ဗမာ)တစ်ပိဿာလျှင် (၁၀၀၀ဝိ/-)ကျပ်၊ (ရှမ်း)တစ်ပိဿာလျှင် (၉၀၀ဝိ/-)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၂၈၀ဝိ/-)ကျပ်၊ မန်ကျည်းသီး(ဟောင်း)တစ်ပိဿာလျှင် (၄၅၀ဝိ/-)ကျပ်၊ မန်ကျည်းသီး(သစ်)တစ်ပိဿာလျှင် (၄၀၀ဝိ/-)ကျပ်၊ ချင်းတစ်ပိဿာလျှင် (၅၅၀ဝိ/-)ကျပ်၊ ဆားတစ်ပိဿာလျှင် (၅၀ဝိ/-)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကျောက်ဆည်ခရိုင်၏ သား၊ ငါးဈေးနှုန်းများမှာ ကြက်သား(ဗမာ)တစ်ပိဿာလျှင် (၁၆၀၀ဝိ/-)ကျပ်၊ ကြက်သား(CP)တစ်ပိဿာလျှင် (၁၂၀၀ဝိ/-)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၀၀၀ဝိ/-) ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၁၆၀၀ဝိ/-)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၄၀၀ဝိ/-)ကျပ်နှင့် ငါးအုံတုံတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဆီဈေးနှုန်းများအနေဖြင့် ပဲဆီသန့်တစ်ပိဿာလျှင်(၁၃၅၀ဝိ/-) ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၂၅၀ဝိ/-)ကျပ်၊ နေကြာဆီသန့်တစ်ပိဿာလျှင် (၁၃၀၀ဝိ/-) ကျပ်စျေးနှုန်းများဖြစ်ပြီး စားဆီတစ်ပိဿာလျှင် (၄၆၀ဝိ/-)ကျပ်ဈေးနှုန်းမှာ ဆိုင်ထိုင်ရောင်းစျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများအား ယခင်သြဂုတ်လ (နောက်ဆုံးပတ်) နှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီ၊ ကြက်သွန်ဖြူစျေးနှုန်းများအနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ ဆီစျေးနှုန်းများမှာ အနည်းငယ်ကျဆင်းလျက်ရှိပြီး ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)