ကျောက်ဆည်ခရိုင်၏ ငှက်ပျောများ အောင်မြင်စွာစိုက်ပျိုးပြီးစီးမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း၌ စပါး၊ ပဲ၊ ပြောင်းတို့အပြင် ငှက်ပျောသီးနှံများကိုလည်းစိုက်ပျိုးကြပါသည်။ ခရိုင်အတွင်း၌ (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် ငှက်ပျောစိုက်ဧက(၂၅၃၅)ဧကစိုက်ပျိုးခဲ့ပြီး (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ငှက်ပျောစိုက်ဧက (၂၅၉၁)ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည်။ ငှက်ပျောတစ်ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၁၅၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ ခရိုင်အတွင်း၌ ယခင်နှစ်ထက် ငှက်ပျောစိုက်ဧကပိုမိုစိုက်ပျိုးလျက်ရှိကြောင်း၊ တောင်သူများ ငှက်ပျောပိုမိုစိုက်ပျိုးရခြင်းမှာ ငှက်ပျောဈေးများ ဈေးကောင်းရရှိသောကြောင့် ပိုမိုစိုက်ပျိုးကြခြင်းဖြစ်ပါသည်။ ယခင်လက်ဟောင်းခြံထွက် ငှက်ပျောလှည်းတစ်စီးလျှင် (၄၀၀၀၀၀) ကျပ်ဈေးရှိပြီး ယခင်နှစ်၊ ငှက်ပျောပေါ်ချိန်တွင် အခိုင်(၄၀)ပါ ငှက်ပျောလှည်းတစ်စီးလျှင် (၂၄၀၀၀၀) ကျပ်သာရောင်းချခဲ့ရကြောင်း၊ ယခင်နှစ်တွင် ငှက်ပျောသီး (ဖီးကြမ်း) လက်ရင်းတစ်ဖီးလျှင် (၇၀၀)ကျပ်၊ လက်ဖျားတစ်ဖီးလျှင် (၄၀၀-၅၀၀)ကျပ်နှင့် ယခုလက်ရှိ ခြံ‌ဟောင်းထွက် ငှက်ပျောသီးဖီးကြမ်းလက်ရင်းတစ်ဖီးလျှင် (၃၀၀၀-၃၅၀၀)ကျပ်နှင့် လက်ဖျားတစ်ဖီးလျှင် (၂၀၀၀-၂၅၀၀)ကျပ်ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။ ငှက်ပျောသီးစားသုံးခြင်းဖြင့် ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ခြင်း၊ နှလုံးကိုကျန်းမာစေခြင်းနှင့် သွေးဖိအားကိုထိန်းညှိပေးခြင်း စသည့်အကျိုးကျေးဇူးများလည်းရရှိသဖြင့် ငှက်ပျောသီးနှံကိုလည်းတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)