ပခုက္ကူမြို့၏ စက်တင်ဘာလ(ပထမပတ်)တွင် ဖြစ်ပေါ်နေသော စားသုံးဆီဈေးကွက်အခြေအနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်) တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော စားသုံးဆီဈေးနှုန်းများမှာ ပဲဆုံဆီ လက်ကားတစ်ပိဿာလျှင် ကျပ် (၁၅၀၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ်(၁၆၅၀၀) ၊ နှမ်းဆီ လက်ကားတစ်ပိဿာလျှင် ကျပ်(၁၂၈၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ စားအုန်းဆီ လက်ကားတစ်ပိဿာလျှင် ကျပ်(၄၅၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ်(၅၀၀၀/၆၀၀၀)၊ နေကြာဆီ လက်ကားတစ်ပိဿာလျှင် ကျပ်(၁၂၈၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ယခင်ဩဂုတ်လ(စတုတ္ထပတ်)ဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင် ယခုစက်တင်ဘာလ (ပထမပတ်) တွင် နှမ်းဆီဈေးနှုန်းမှာ ဈေးငြိမ်၍ ပဲဆီနှင့်နေကြာဆီဈေးနှုန်းမှာ ဈေးအနည်းငယ်မြင့်တက်လာသော်လည်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  စားအုန်းဆီဈေးနှုန်းမှာ ယခင်တစ်ပိဿာလျှင် ကျပ်(၉၀၀၀/၁၀၀၀၀)မှ ယခုတစ်ပိဿာလျှင် ကျပ်(၅၀၀၀/၆၀၀၀) ဈေးနှုန်းကျဆင်းသွားရခြင်းမှာ လုပ်ငန်းရှင်များက သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူစရိတ် ၂ % ထက်မပိုသောအမြတ်ဖြင့် လက်လီ/လက်ကားရောင်းချခြင်းကြောင့် စားအုန်းဆီဈေးကျဆင်းသွားရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

 ပခုက္ကူမြို့ရှိ စားသုံးသူများသည် မြေပဲဆီကိုသာအဓိကစားသုံးမှုများာပြားပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း မြေပဲဆံ၊ မြေပဲဆီများထုတ်လုပ်ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး မြန်မာနိုင်ငံနေရာဒေသအနှံ့အပြားသို့ မြေပဲဆီများထုတ်လုပ်တင်ပို့ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)