ပခုက္ကူခရိုင်အတွင်းရှိ စားသုံးသူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချလျက်ရှိ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်ဦးဆောင်၍ ၂၀၂၃ခုနှစ်၊ စက်တင်ဘာ(ပထမပတ်)တွင် ပခုက္ကူမြို့ပေါ်ရှိ စားအုန်းဆီရောင်းချလျက်ရှိသော ဈေးကားများသို့ လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေးအတွက်  ကွင်းဆင်းကြပ်မတ်ခဲ့ပါသည်။

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့်စားသုံးဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သောစားအုန်းဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

  စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများမှ လက်ကားကုန်သည်များသို့ ဖြန့်ဖြူးထုတ်ပေးခဲ့သည့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ရောင်းချသွားရမည်ဖြစ်သောကြောင့် ပခုက္ကူမြို့ပေါ်ရှိ ဆီလုပ်ငန်းရှင်များ၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ စားသုံးသူမိဘပြည်သူများအတွက် စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၄၅၀၀)နှုန်းဖြင့် လူတစ်ဦးလျှင် (၁)ပိဿာနှုန်းရောင်းချပြီး စုစုပေါင်း(၁၀၁၂၀)ပိဿာခန့်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)