မကွေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဆန်/ဆီ ရောင်းချမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ကြည့်ရှုအားပေး

Powered by Drupal

   ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်မှစတင်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ဆန်ကုန်သည်အသင်းတို့ပူးပေါင်း၍ ဆန်(၁)ပြည်လျှင် ကျပ်(၂၆၅၀)၊ စားအုန်းဆီ(၁)ပိဿာလျှင် ကျပ် (၄၅၀၀)တို့ဖြင့် မကွေးမြို့၊ သိင်္ဂါဂီရိရပ်ကွက်၊ ဓမ္မာရုံရှေ့၌ အိမ်ထောင်စု(၁၁၀၀)စုအတွက် ဆန်(၃၀၀) ပြည်၊ စားအုန်းဆီ(၁၁၀၀)ပိဿာ၊ မင်္ဂလာစျေးရှေ့တွင် အိမ်ထောင်စု(၁၁၀၀)စုအတွက် စားအုန်းဆီ (၁၁၀၀)ပိဿာ၊ ဆန်(၇၂၀)ပြည်၊ ဆားရွှေကင်းရပ်ကွက်၊ ကင်းကျောင်းဓမ္မာရုံရှေ့တွင် အိမ်ထောင်စု (၅၅၀)စုအတွက် ဆန်(၁၈၀)ပြည်၊ စားအုန်းဆီ (၅၅၀)ပိဿာနှင့် မယ်လှတောင်ကျေးရွာအုပ်စု၊ ချောင်းဖြူကျေးရွာ၊ ရွာလယ်ဓမ္မာရုံရှေ့တွင် အိမ်ထောင်စု(၅၅၀)စုအတွက် စားအုန်းဆီ(၅၅၀)ပိဿာတို့ အားရောင်းချပေးခဲ့ရာ စုစုပေါင်းအိမ်ထောင်စု(၃၃၀၀)စုအား ဆန်(၁၂၀၀)ပြည်၊ စားအုန်းဆီ(၃၃၀၀) ပိဿာတို့ရောင်းချပေးနိုင်ခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ ရောင်းချပေးနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ မကွေးခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မကွေးတိုင်းဒေသကြီးဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် မကွေးမြို့၊ ဆန်ကုန်သည်များအသင်းတို့နှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခဲ့ကြပြီး ဆန်၊ ဆီရောင်းချပေးရာနေရာများသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)