စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သီတာဋ္ဌေး(ဒု-ကြီးကြပ်ရေးမှူး) နှင့်ဝန်ထမ်းများသည် (၁၁-၉-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမ၊ ကျောင်းကျန်းမာရေးကော်မတီ၊ ကျောင်းအကျိုးတော်ဆောင်နှင့် ရပ်ကျေးအဖွဲ့ဝင်တို့ပူးပေါင်း၍ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း အ-ထ-က (၅)ရှိ ကျောင်းမုန့်ဈေးတန်း၌ ရောင်းချလျက်ရှိသော ကုန်စည်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ကိုက်ညီမှုရှိ/မရှိစစ်ဆေးခဲ့ပြီး စစ်ဆေးရေးအရာရှိ ဒေါ်သီတာဋ္ဌေးက ကျောင်းမုန့်ဈေးတန်းတွင် အစားအသောက်၊ အချိုရည်များနှင့် မုန့်မျိုးစုံတို့ကို ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ စစ်ဆေးခဲ့သည့်အပြင် ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချနေသော ကျောင်းမုန့်ဈေးသည်များကို စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအကြောင်းကိုလည်းကောင်း၊ ကုန်စည်များကို ရောင်းချရာတွင် FDA ၏ ထောက်ခံချက်ရရှိသော ကုန်စည်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဋ္ဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် မုန့်များကိုသာရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များကိုမရောင်းချရန် အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကရင်)