ကန့်ဘလူမြို့၊  အမှတ်(၂)ရပ်ကွက်တွင် မြေအောက်ရေတင်စနစ်ဖြင့် မုံညှင်း စိုက်ပျိုးကာ မိသားစုဝင်ငွေရရှိ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင် တစ်ပိုင်တစ်နိုင်အနေဖြင့် လည်းကောင်း ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း မုံညှင်း/ ကန်စွန်းတို့ကို စိုက်ပျိုးကြပြီး စိုက်ပျိုးချိန် (၁)လကျော်လျှင် စတင်ခူးဆွတ်ရပါသည်။

   မုံညှင်းပင်ကို ဝါဆိုလတွင် စိုက်ပျိုးကာ တော်သလင်းလကျော်လျှင် စတင်ခူးဆွတ် ရောင်းချ ရပါသည်။ မုံညှင်းပင်ကို မြေဘောင်များပြုပြင်၍ စိုက်ပျိုးပြီး တစ်ခါစိုက်လျှင် ဘောင် (၂/၃)ဘောင်ခန့် စိုက်ပျိုးထားပါသည်။ မုံညှင်းပင်ကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကာ မုံညှင်းပင်၏ စတင်စိုက်ပျိုးရန် မျိုးစေ့ဖိုး၊ မြေပြုပြင်ခ၊ ဓါတ်မြေဩဇာနှင့် ရေသွင်းခြင်း စသည်တို့၏ စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၂၀၀၀၀)ကျော် ကျပ်(၃၀၀၀၀)ခန့် ကုန်ကျပြီး  တစ်ခါစိုက်ပျိုးလျှင်(၂)လကြာအောင် ခူးဆွတ် ရောင်းချရပါသည်။ တစ်ခါခူးဆွတ်လျှင် အစည်း (၂၀/၃၀)အထိ ပုံမှန်ခူးဆွတ်ရပြီး ရက်ခြားခူးဆွတ် ရပါသည်။

   ထို့ကြောင့် မုံညှင်းပင်သည် သူ့ရာသီအလိုက် စိုက်ပျိုးနိုင်ပြီး ရာသီချိန်ဆိုလျှင် အမြဲမပြတ် စိုက်ပျိုးနိုင်သော သီးနှံပင်ဖြစ်၍ စီးပွားရေးအရ စိုက်ပျိုးသင့်သော သီးနှံပင်ဖြစ်ကြောင်းနှင့် မုံညှင်းတစ်စည်းလျှင် (၃၀၀)ကျပ်၊ (၂)စည်း (၅၀၀)ကျပ်ဈေးရောင်းရကာ စိုက်ပျိုးသင့်ကြောင်းနှင့် မုံညှင်းဖူးများကို မြို့မစည်ပင်သာယာဈေးရှိ ဖောက်သည်များထံ ပို့ဆောင်ရောင်းချကာ အရောင်းအဝယ်ဖြစ်ပြီး မိသားစု ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်ရှိ မုံညှင်း၊ ကန်စွန်းစိုက်တောင်သူဒေါ်ကြည်ခင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)