ဘားအံဈေးကွက်သို့ မုံရွာကြက်သွန်နီ တိုက်ရိုက်ဝင်ရောက်

Powered by Drupal

      ဘားအံဈေးကွက်အတွင်းသို့ မုံရွာကြက်သွန်နီများ ၂၀၂၃ခုနှစ်၊စက်တင်ဘာဒုတိယအပတ်တွင် ဝင်ရောက်လျက်ရှိကြောင်းနှင့် ကြက်သွန်ဈေး အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရသည်။

     ဘားအံမြို့တွင် စက်တင်ဘာပထမအပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေခံစားကုန်ကြက်သွန်ဈေးနှုန်းမှာ လက်လီတစ်ပိဿာလျှင် ၃၇၀၀ကျပ် ဖြစ်ခဲ့ကြောင်းနှင့် ယခုစက်တင်ဘာ ဒုတိယအပတ်တွင် ၃၃၀၀-၃၅၀၀ ကျပ်သို့ ဈေးကျဆင်းခဲ့ကြောင်း သိရသည်။

    မုံရွာမြို့မှကြက်သွန်များ ဘားအံဈေးကွက်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်ခြင်းကြောင့် ကြက်သွန်နီဈေး အနည်းငယ်ကျဆင်းခဲ့ကြောင်းနှင့် မော်လမြိုင်ဈေးကွက်မှ ဝယ်ယူဖြန့်ဖြူးသော ကြက်သွန်နီမှ တစ်ဆင့်ခံဖြစ်ခြင်း၊ သယ်ယူပိုဆောင်ခနှင့် အထွေထွေစရိတ် ထပ်ဆောင်းကုန်ကျခြင်းကြောင့် ၁၀ ပိဿာ ၁ အိတ်လျှင် ၅၀၀ ကျပ် ပျမ်းမျှ ဈေးပိုကြောင်းသိရသည်။

     စာရင်းများအရ ကရင်ပြည်နယ်အတွင်း ကြက်သွန်နီဈေးနှုန်းများမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ၁ ပိဿာ ၄၅၀၀/ ကျပ်ထိ ဈေးနှုန်းအမြင့်ဆုံးဖြစ်ခဲ့ပြီး ယခုနှစ်၂၀၂၃ ဧပြီလ သင်္ကြန်မတိုင်မီတွင် ၁ ပိဿာ ၁၂၅၀ ကျပ် ဈေးနှုန်းဖြစ်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)