မွန်ပြည်နယ်အတွင်းရှိ ဆေးဆိုင်နှင့် ဆေးပစ္စည်းများ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

    မွန်ပြည်နယ်အတွင်းရှိ ခရိုင်အလိုက် ဆေးဆိုင်ဖွင့်လှစ်ရောင်းချနေမှုမှာ မော်လမြိုင်ခရိုင်၌ ဆေးဆိုင် ၄၅၅ဆိုင်နှင့် သထုံခရိုင်၌ ဆေးဆိုင် ၂၀၅ဆိုင်၊ စုစုပေါင်း ဆေးဆိုင် ၆၆၀ဆိုင်ရှိကြောင်းသိရသည်။

   အဆိုပါဆေးဆိုင်များ၌ ရောင်းချသည့်ဆေးပစ္စည်းအမျိုးအမည်၏ အုပ်စုများမှာ ဖျားနာအကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ ဗိုင်းရပ်သတ်ဆေး၊ အရောင်ကျဆေး၊ သွေးကျဲဆေး၊ အစာအိမ်ဆေး၊ ကိုယ်ခံအားကျဆေး၊ ကာကွယ်ဆေး၊ Vitamin C, D, K, K2 နှင့် Zinc, Becozinc , Zincovit  စသည့်ဆေးဝါးများရောင်းချသည်။

   ၎င်းဆေးဝါးပစ္စည်းများ၏ ဈေးနှုန်းအခြေအနေများမှာ  ဖျားနာအကိုက်အခဲပျောက်ဆေးတစ်လုံးလျှင် ၄၀၀ကျပ်၊ ချောင်းဆိုးပျောက်ဆေးတစ်လုံးလျှင် ၁၀၇ကျပ်၊  ချောင်းဆိုးပျောက်ဆေး(Cough Syrup) တစ်ဘူးလျှင် ၂၁၂၅ကျပ်၊ နှာစေးပျောက်ဆေး(Certizine Tablet 10mg)တစ်လုံးလျှင် ၂၈ကျပ်၊ နှာစေးပျောက်ဆေး(Levo Certizine Tablet)တစ်လုံးလျှင် ၇၀ကျပ်၊ ပိုးသတ်ဆေးအုပ်စုတွင် ၁၁မျိုးပါ (Amoxicillin+ Clavlulinic Acid Tablet 375mg/625mg)တစ်လုံးလျှင် ၁၀၆၀ကျပ်မှ ၁၂၅၀ကျပ်အတွင်း၊ (Cefixime Tablet 200 mg)တစ်လုံးလျှင် ၂၂၅ကျပ်၊ Cefixime Tablet 500mg တစ်လုံးလျှင် ၁၉၄၃ကျပ်၊  ပိုးသတ်ဆေးတစ်ဘူးလျှင် အမျိုးအစားအလိုက် ၁၇၅ကျပ်မှ  ၄၉၄၃၅ကျပ်အတွင်း၊  ဗိုင်းရပ်သတ်ဆေး (Favipiavir 200mg/ 400mg)တစ်ဘူးလျှင် ၂၁၂၀၇ကျပ်မှ ၂၃၇၄၄ကျပ်အတွင်းနှင့် (Remdesivir 1G injection) တစ်လုံးလျှင် ၆၉၂၇ကျပ်၊ အရောင်ကျဆေး(Prednisolone Tablet 40 mg)တစ်လုံးလျှင် ၄၄ကျပ်၊ (Methyl Prednisolone Tablet 40 mg ) တစ်လုံးလျှင် ၂၄၇ကျပ်မှ ၁၀၁၃ကျပ်အတွင်း၊  သွေးကျဲဆေး (Enosaprian injection (0.4ml/0.6ml)တစ်လုံးလျှင် ၁၄၁၃၀ကျပ်မှ ၁၆၇၈၀ကျပ်အတွင်း၊ သွေးကျဲဆေး (Rivaroxaban Tablet 10mg) တစ်လုံးလျှင် ၁၈၄၄ကျပ်၊ အစာအိမ်ဆေး (Omperazole   Tablet 20mg/ injection 40 mg)တစ်လုံးလျှင် ၂၁၂၀ကျပ်၊ (panthoprazole 40mg Tablet/ injection)တစ်လုံးလျှင် ၁၉၃ကျပ်မှ ၃၀၀ကျပ်အတွင်း၊ ကိုယ်ခံအားကျဆေးနှင့် ကာကွယ်ဆေးတစ်လုံးစီလျှင် ၁၉၃ ကျပ်မှ ၃၀၀ကျပ်အတွင်း၊  Vitamin C 100mg တစ်လုံးလျှင် ၆၄ကျပ်၊ Vitamin D1000IU တစ်လုံးလျှင် ၄၈၃ကျပ်, Vitamin K, K2 တစ်လုံးလျှင် ၄၂ကျပ်နှင့် Zinc(20mg), Becozinc, Zincovit တစ်လုံးလျှင် ၁၃၇ကျပ်ဖြစ်ကြောင်းသိရှိရသည်။ အဆိုပါ ဆေးပစ္စည်းများ၏ဈေးနှုန်းသည် အပတ်စဉ်ပြောင်းလဲမှုရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)