ကရင်ဝဥဈေးကွက်စဖွင့်သော်လည်း အရောင်းအဝယ်အေး

Powered by Drupal

       ကရင်ပြည်နယ်တွင် ဝဥရာတူးဖော်ချိန်ရာသီရောက်၍ ဝဥအဝယ်ဒိုင်တစ်ချို့ ဈေးကွက်ဖွင့်၍ အရောင်းအဝယ်စသော်လည်း ယခုနှစ်ဝဥရာသီမှာအရောင်းအဝယ်အေးလျက်ရှိကြောင်း သိရသည်။

       ယခင်နှစ်များက ဝဥဈေးကွက်စဖွင့်ချိန် စက်တင်ဘာ ၁ ရက်တွင် အရောင်းအဝယ်စလုပ် ၍ ဈေးကွက်လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် အဝယ်ဒိုင်တချို့ဈေးဖွင့်သော်လည်း အရောင်းအဝယ် လုပ်ငန်းအား တွင်တွင်ကျယ်ကျယ်မမြင်ရကြောင်း ကရင်ပြည်နယ်ဝဥ စိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးမင်းသူက “ ဒီနှစ်က အရောင်းအဝယ်အေးတဲ့ အဆင့်ကို ကျော်လွန်ပြီး၊ ခဲတဲ့အဆင့်ရောက်တယ်လို့တောင် ပြောလို့ရတယ်၊ ဒေသခံ တပိုင်တနိုင် ဝယ်ရောင်းသမားတွေကတော့ ဒေသအလိုက် ဝဥတစ်ပိဿာကို ၆၀၀/၇၀၀/၉၀၀/၁၀၀၀ စသဖြင့် အနည်းအကျဉ်း ဝယ်ရောင်းလုပ်တာတွေ့ရပေမဲ့ ဝဥလုပ်ငန်းရှင်ကြီးတွေနဲ့ စက်ရုံအဝယ်တော်တွေဘက်ကတော့ တိတ်နေတယ်၊ အရင်က ၉ လပိုင်း ၁ ရက်နေ့ဆို အရောင်းအဝယ်စတာနဲ့ ဈေးကွက် လှုပ်ရှားမှုရှိတယ်၊ ဒီနှစ်တော့တွင်တွင်ကျယ်မမြင်ရဘူး” ဟု ပြောသည်။

      ကရင်ပြည်နယ် ဒေသထွက် ဝဥဈေးနှုန်းများမှာ ယမန်နှစ်က ဝဥ၁ ပိဿာလျှင် အဖွင့်ဈေး ၈၀၀ ကျပ်၊ အပိတ်ဈေး ၁၆၅၀ ကျပ်ဖြစ်ကြောင်းနှင့် ကရင်ပြည်နယ်ဒေသထွက် ဝဥမှာ အရည်အသွေးမြင့်မားသောကြောင့် ဈေးကွက်ဝယ်လိုအား ကောင်းမွန်ကြောင်းနှင့် ကရင်ပြည်နယ်တွင် ဝဥတူးဖော် ၍ အရောင်းအဝယ်ကာလကို စက်တင်ဘာလဆန်းမှ နိုဝင်ဘာလလယ်ထိ လုပ်ကိုင်လေ့ရှိကြောင်း သိရသည်။

DOCA(ကရင်)