ကျိုက်မရောမြို့တွင် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မ‌ရောမြို့နယ်တာဝန်ခံသည် မွန်ပြည်နယ်ဆီလုပ်ငန်းရှင်အသင်းမှ ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

    ထိုသို့ ပူးပေါင်းဆောင်ရွက်ရာတွင် (၁၁-၉-၂၀၂၃) ရက်နေ့တွင် ကျိုက်မရောမြို့၊ စက်လမ်းဝ၌ ဆီပိဿာ (၅၅၀) လျှင် ဈေးနှုန်း(၅၂၀၀) ကျပ်ဖြင့်လည်းကောင်း၊ (၁၂-၉-၂၀၂၃) ရက်နေ့တွင် ကျိုက်မရောမြို့၊ ဘာဘူကုန်းရပ်ကွက်၌ ဆီပိဿာ (၅၅၀)၊ အခွန်လွတ်ဈေးတွင် ဆီပိဿာ (၅၅၀)၊ နတ်စမ်းကျေးရွာတွင် ဆီပိဿာ (၅၅၀) တို့ကို ဈေးနှုန်း (၅၂၀၀) ကျပ်ဖြင့်လည်းကောင်း ရောင်းချပေးခဲ့ရာ ပြည်သူများအနေဖြင့် စနစ်တကျတန်းစီ၍ ဝယ်ယူခဲ့ကြကြောင်းသိရှိရသည်။ ယခုကဲ့သို့ ပြည်သူများသို့ စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချခြင်းကို မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များ၊ ရပ်ကွက်၊ ကျေးရွာများတွင် အလှည့်ကျရောင်းချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မွန်)