![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/477_1.jpg?itok=f5fg5k1u)
(၁၂-၉-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းက မွန်ပြည်နယ်အတွင်း ခွဲဝေရရှိသောစားအုန်းဆီများအနက် မုဒုံမြို့နယ်အတွက် ခွဲဝေရရှိသော စားအုန်းဆီများကို ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ပူးပေါင်းကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။
မုဒုံမြို့နယ်အတွက် ခွဲဝေရရှိသောစားအုန်းဆီပိဿာ (၁၁၀၀) အနက် (၁၂-၉-၂၀၂၃) ရက်နေ့တွင် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် လူဦးရေ (၅၅၀) အား စားအုန်းဆီပိဿာ (၅၅၀) ရောင်းချပေးခဲ့ပြီး တစ်ပိဿာလျှင် (၄၉၀၀) ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။
ထို့ပြင် (၁၃-၉-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် သက်ဆိုင်ရာဌာနများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းဈေး၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချခဲ့ကြောင်းသိရှိရပါသည်။
DOCA(မွန်)