သရက်မြို့ပေါ်ရှိ ဆေးဆိုင်၊ ကုန်စုံဆိုင်များ၌ ကလေးအာဟာရဖြည့်စွက်စာများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့်နှင့်ဝန်ထမ်းများသည် (၇-၉-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်နှင့် (၁၁-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် သရက်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ ရောင်းချလျက်ရှိသော ကလေးအာဟာရဖြည့်စွက်စာများ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ၊ သက်တမ်းလွန်သည့် ဖြည့်စွက်စာများရောင်းချခြင်းရှိ/မရှိနှင့် သက်ဆိုင်ရာဌာနများ၏ထောက်ခံချက် ရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ တွေ့ရှိရသည့် ကလေးအာဟာရဖြည့်စွက်စာ (Pedia Sure/ Gold Power/ Dumex) စသည့် အမှတ်တံဆိပ်များ၌ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့်ကိုက်ညီခြင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရရှိထားကြောင်းတွေ့ရှိခဲ့ရပါသည်။ ထို့နောက် ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့်က ဆိုင်ရှင်များအား ကလေးအာဟာရဖြည့်စွက်စာသည် ကလေးများအတွက် အဓိကထုတ်လုပ်ရောင်းချသည့် ကုန်ပစ္စည်းဖြစ်သောကြောင့် သက်တမ်းလွန်ကုန်စည်များ၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှထုတ်ပြန်ထားသည့် တားမြစ်ကုန်စည်များကိုမရောင်းချရန်၊ မြန်မာဘာသာဖြင့် ဖော်ပြထားသည့် ကုန်စည်၊ ဆေးနှင့်ဆေးပစ္စည်း၊ စားသောက်ကုန်များကိုသာတင်သွင်းရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)