ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်ငူခရိုင်မှ MSMEs လုပ်ငန်းနှင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ အရောင်းဈေးကိုစစ်ဆေးကြည့်ရှု

Powered by Drupal

    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၃ရက်နေ့၊ နေ့လယ်ပိုင်းတွင် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာအုပ်စု၊ တောင်နန်ချွန်ကျေးရွာရှိ စပါးခွံဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက် Gasifier Power Plant တပ်ဆင်အသုံးပြု၍ မုန့်ဖတ်ခြောက်ထုတ်လုပ်နေသည့် ဟိန်းစားသောက်ကုန်လုပ်ငန်းသို့သွားရောက်ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းရှင် ဦးသောင်းဝင်းထွန်းက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။

    တိုင်းဒေသကြီးဝန်ကြီးချုပ်က Gasifier မှထွက်ရှိသည့် ရေဆိုးများကို စနစ်တကျသန့်စင်ပြီးမှသာ စွန့်ပစ်ရန်၊ ထွက်ရှိလာသော စပါးခွံဖွဲပြာတို့ကို လောင်စာတောင့်ထုတ်လုပ်သွားရန်၊ မုန့်ဖတ်ခြောက်ထုပ်ပိုးမှုစနစ်အဆင့်မြှင့်တင်၍ ပြည်ပနိုင်ငံများသို့ တိုက်ရိုက်တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြာခဲ့ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

    တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၄ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့၊ ဘုရင့်နောင်ဈေးအနီးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဈေးတွင် တောင်ငူမြို့ရှိ ဆန်ကုန်သည်များနှင့်ဆန်စက်လုပ်ငန်းရှင်များ၊ ဆီကုန်သည်များ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများက ဆန်၊ စားသုံးဆီ၊ သားငါးနှင့် ဟင်းသီးဟင်းရွက်များတိုက်ရိုက်ရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)