အုတ်တွင်းမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

    အုတ်တွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းသားကျောင်းသူများအား ဌာနဆိုင်ရာများအလိုက် သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၇ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့က အသိပညာပေးဟောပြောပွဲများကို ပူးပေါင်း၍ကျင်းပခဲ့ပါသည်။

      နံနက် (၁၀:၀၀) နာရီအချိန်တွင် အုတ်တွင်းမြို့နယ်၊ ရေသိုးကျေးရွာ၊ာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပသည့် ဟောပြောပွဲသို့ ကျောင်းသား/ သူ ၁၂၆ဦးတက်ရောက်ခဲ့ကြပြီး နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် ကွမ်းသီးခြံကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပသည့်ဟောပြောပွဲသို့ ကျောင်းသား/ သူ ၁၃၅ဦးတက်ရောက်ခဲ့ကြပါသည်။

    ဟောပြောပွဲများတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူကာကွယ်ရေးဆောင်ရွက်ချက်များ၊ စားသုံးသူအခွင့်အရေးများ၊ ကုန်စည်များတွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသား၏အရေးကြီးပုံများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်ရန်အတွက် သိရှိစေရန် ဟောပြောဆွေးနွေးပါသည်။

   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်းကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်မာက စာဖတ်ခြင်း၏အကျိုးကျေးဇူးကိုလည်းကောင်း ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲများအပြီးတွင် ကျောင်းသူကျောင်းသားများအား မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)