မအူပင်မြို့၌ ကလေးအာဟာ ဖြည့်စွက်စာ ကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၈-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် မအူပင်မြို့နယ်၊ ကုန်မျိုးစုံအရောင်းဆိုင်၊ မုန့်မျိုးစုံအရောင်းဆိုင်၊ City Mart နှင့် ဈေးရုံ၊ ဈေးတန်းရှိ ကလေးအာဟာရမုန့်အရောင်းဆိုင်သို့သွားရောက်၍ ကုန်စည်ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    မြို့နယ်အတွင်းရှိ စတိုးဆိုင်နှင့် ကုန်မျိုးစုံ၊ မုန့်မျိုးစုံအရောင်းဆိုင်များ၌ရောင်းချသော ကလေးအဟာရမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြပါဝင်ခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ကြရာ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်သော ကုန်စည်တချို့ကိုသာရောင်းချနေကြောင်းတွေ့ရှိရပါသည်။  ဆိုင်ရှင်များကို စစ်ဆေးရေးတာဝန်ရှိသူနှင့် မိတ်ဖက်တာဝန်ရှိစစ်ဆေးသူတို့က ဌာနတို့၏ခွင့်ပြုချက်၊ ထုတ်လုပ်မှုအမှတ်စဉ်နှင့်၊ ထောက်ခံချက်၊ ကုန်အညွှန်းဖော်ပြထားသော ကုန်စည်များကိုရောင်းချကြရန်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်းကို အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)