မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းတို့ကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
ရွှေဘိုမြို့၌ စက်သုံးဆီဆိုင် (၁၉)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ် စက်တင်ဘာလ ဒုတိယအပတ်တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၃၉၀)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၅၀၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၂၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၇၀၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။
စက်တင်ဘာလ တတိယအပတ်တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၄၄၀)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၅၅၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၉၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၆၆၅)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် (၅၀)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၄၅)ကျပ်ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၃၅)ကျပ်နှင့် ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၄၀)ကျပ်ဈေးနှုန်းကျဆင်းခဲ့ကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)