ဒီဇင်ဘာဒုတိယပတ်အတွင်းစက်သုံးဆီဈေးနှုန်းအနည်းငယ်ကျဆင်း

Powered by Drupal

       ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ခဲ့ရာ စက်သုံးဆီများ၏ အနိမ့်ဆုံးဈေးနှုန်းမှာ ဒီဇယ်ရိုးရိုးတစ်လီတာကို (၁၂၄၂)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို (၁၂၅၃)ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၁၂၉၇)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၁၃၅၇)ကျပ်တို့ဖြစ်ပြီး အမြင့်ဆုံးဈေးနှုန်းမှာ ဒီဇယ်ရိုးရိုးတစ်လီတာကို (၁၄၃၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို (၁၄၄၀)ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၁၄၈၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၁၅၆၀)ကျပ် တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိပါသည်။ ယခင် ဒီဇင်ဘာပထမပတ်အတွင်း စက်သုံးဆီအနိမ့်ဆုံးဈေးနှုန်းမှာ ဒီဇယ်ရိုးရိုး တစ်လီတာကို (၁၃၅၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာကို (၁၃၆၀)ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၁၃၉၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၁၅၀၀)ကျပ်တို့ဖြစ်ပြီး အမြင့်ဆုံးဈေးနှုန်းမှာ ဒီဇယ်ရိုးရိုး တစ်လီတာကို (၁၅၆၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို (၁၄၄၀)ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို ( ၁၄၈၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၁၅၆၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ယခုအပတ်နှင့် ယခင်အပတ်တို့၏ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် အနိမ့်ဆုံးဈေးနှုန်း ဒီဇယ်ရိုးရိုး တစ်လီတာကို (၁၀၈) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို (၁၀၇) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၉၃)ကျပ်၊ ဓါတ်ဆီ 95 တစ်လီတာကို (၁၄၃)ကျပ်နှင့် အမြင့်ဆုံးဈေးနှုန်းမှာ ဒီဇယ်ရိုးရိုး တစ်လီတာကို (၁၃၀)ကျပ် ကွာဟလျက်ရှိပါသည်။

       ဒီဇင်ဘာလဒုတိယအပတ်တွင် ဒီဇင်ဘာလပထမအပတ်ထက် ဈေးအနည်းငယ်ကျဆင်းနေခြင်းမှာ ဒေါ်လာဈေးကျဆင်းလာသဖြင့် တင်သွင်းလာသည့် ဈေးနှုန်းများလည်း ကျဆင်းလာမှုကြောင့် ဈေးနှုန်းအနည်းငယ်ကျရခြင်းဖြစ်သည်ဟု သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကယားပြည်နယ်)