ဒေးဒရဲမြို့နံသာချောင်းကျေးရွာ(အ.မ.က)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာ(၁၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဒေးဒရဲမြို့၊    နံသာချောင်းကျေးရွာ(အ.မ.က)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

 ဟောပြောပွဲတွင်‌ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က တားမြစ်ကုန်စည်နှင့် ကုန်အညွှန်းအမှတ်အသား  ဖော်ပြခြင်းဆိုင်ရာအကြောင်းအရာများ၊  စားသုံးသူနစ်နာမှုရှိပါက တိုင်ကြားနိုင်မှုအခြေအနေများ၊ ရွေးချယ်ဝယ်ယူစားသုံးသင့်သည့် အစားအစာများအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)