ကရင်ပြည်နယ်ဒေသထုတ်ကုန်အသင့်စား “ဆိတ်ချေးခါးဟင်းလျာ”

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တာဝန်ခံရုံးရှိ ကော့ကရိတ်မြို့နယ်တာဝန်ခံ ဦးသက်လွင်(ရုံးအုပ်)နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တာဝန်ခံ ဦးမောင်မောင်အေး(ဒု-ကြီးကြပ်ရေးမှူး)တို့သည် (၂၂-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ရပ်ကျေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက်၊ မေတ္တာလမ်းရှိ ဦးချိ အသင့်စား “ဆိတ်ချေးခါးဟင်းလျာ” ထုတ်လုပ်လျက်ရှိသောလုပ်ငန်းသို့သွားရောက်၍ စားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ညွှန်ကြားချက်နှင့်အညီ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    အဆိုပါ ကရင်ပြည်နယ်ဒေသထုတ်ကုန် အသင့်စား “ဆိတ်ချေးခါးဟင်းလျာ”  ထုတ်လုပ်ရာတွင် စားသုံးသူပြည်သူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၂၀၁၉ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်များပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက်နှင့် သက်ဆိုင်ရာအစိုးရဌာနများ၏ သတ်မှတ်ထောက်ခံချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြပေးရမည်ဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရုံးအနေဖြင့် စားသုံးသူများဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

  ဆက်လက်၍ ဆိတ်ချေးခါးဟင်းလျာနှင့်ပတ်သက်၍  လုပ်ငန်းရှင် ဦးချိက ဆိတ်ချေးခါးဟင်းလျာမှာ ကရင်လူမျိုးတို့၏ ဒေသအစားအစာတစ်ခုဖြစ်ပြီး ကရင်ပြည်နယ်တစ်ခုတည်းတွင်သာ ရရှိနိုင်ပါသည်။ ဆိတ်ချေးခါးဟင်းလျာတွင် ဆိတ်ခေါင်း၊ ဆိတ်ကလီစာ၊ ဆိတ်နံရိုးနု၊ ဆိတ်ချေးပါ အူနုများကို ချင်း၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှောက်နုရွက်၊ ရှမ်းနံနံ စသည့်ဟင်းခတ်အမွှေးအကြိုင်များကို စုပေါင်းရောနှောလုံးပြီး နူးအိစွာချက်ပြုထားခြင်းဖြစ်ကြောင်းနှင့်  ဒေသတွင်းစားသုံးမှုသာမက တစ်ဖက်ထိုင်းနိုင်ငံသို့ပါ တင်ပို့ရောင်းချ၍ လူကြိုက်များလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)