(၂၀-၉-၂၀၂၃) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ရောင်းချပေးသောစားအုန်းဆီများအား ကရင်ပြည်နယ်ဆီအသင်း၏စီစဉ်မှုဖြင့် ဘားအံမြို့ပေါ်နှင့် ကျေးရွာများ၌ ဖြန့်ဖြူးရောင်းချလျက်ရှိရာ စားအုန်းဆီများ ဈေးကွက်အတွင်းသို့ဖြန့်ချိရာတွင် ပြည်သူများကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စားသုံးဆီရည်ညွှန်းဈေးတစ်ပိဿာဈေးနှုန်း(၄၄၄၀)ကျပ်အပေါ်အခြေခံ၍ အရောင်းဈေးထပ်ပေါင်းပြီး ကရင်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက စားသုံးဆီတစ်ပိဿာလျှင် ၄၉၅၀ကျပ်ဖြင့် လူတစ်ဦးလျှင် ၁ပိဿာနှုန်း ရောင်းချပေးကြောင်းသိရပါသည်။
အဆိုပါ စားအုန်းဆီများရောင်းချရာတွင် ဈေးနှုန်းနှင့်အလေးချိန်မှန်ကန်စေရေး၊ ပြည်သူများဆီသို့ ဖြန့်ဖြူးရောင်းချရာတွင် ဈေးကွက်အတွင်း သက်သာမှန်ကန်သောဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချခြင်းမရှိစေရေးနှင့် စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်တိုက်ရိုက်ရောက်ရှိစေရေးတို့အတွက် ကရင်ပြည်နယ်ဆီအသင်းအနေဖြင့် ဘားအံမြို့ပေါ် (၁၁)နေရာနှင့် ဘားအံမြို့အနီးကျေးရွာ (၄) နေရာတို့ရှိ ဆီအရောင်း ဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ဦးမျိုးဝင်းနိုင်(ဦး/ရှိ)တို့သည် မြေပြင်အခြေအနေကွင်းဆင်းကြီးကြပ်မှုများဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ကရင်)