(၁၉-၉-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဦးစီးမှူးက မိမိတို့ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိကြောင်း၊ အသင်းအဖွဲ့များဖွံ့ဖြိုးတိုးတက်ရေး၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မုန့်လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို အလေးထားဖော်ပြပေးရန်ဆွေးနွေးခဲ့ပြီး လုပ်ငန်းလည်ပတ်မှုအခြေအနေ၊ ကုန်ကြမ်းရရှိမှုအခြေအနေနှင့် ဖြန့်ဖြူးမှုအခြေအနေများကိုဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မွန်)