(၂၀-၉-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဦးစီးမှူးက မိမိတို့ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိသဖြင့် ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များကိုလိုက်နာကြရန်၊ ဟိုတယ်ဝန်ဆောင်မှုပေးရာတွင်လည်း စားသုံးသူများကို သတင်းအချက်အလက်များမှန်ကန်စွာပေးရန်နှင့် ဟိုတယ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလျှင်လည်း တာဝန်ယူဖြေရှင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် မိမိတို့ဌာနအနေဖြင့် အသင်းအဖွဲ့များဖွံ့ဖြိုးတိုးတက်ရေး၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးများကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများ၊ အကူအညီများလိုအပ်မှုများရှိလျှင် ဆွေးနွေးနိုင်ပါကြောင်းပြောကြားခဲ့ပြီးနောက် ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ တာဝန်ရှိသူတစ်ဦးက စားသုံးဆီအခက်အခဲနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ရာ ပြည်နယ်ဦးစီးမှူးက ရုံးချုပ်သို့ ဆက်လက်တင်ပြဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့မှုကို သတင်းရရှိပါသည်။
DOCA(မွန်)