ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ စက်တင်ဘာလအတွင်း သတင်း/ ဆောင်းပါးပါဝင်ရေးသားနိုင်မှုအတွက် စာမူခများဆုချီးမြှင့်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏လုပ်ဆောင်ချက်များဖြစ်သော စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုသတင်းများကို ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဌာနခွဲအလိုက် ဝန်ထမ်းများက သတင်းအသီးသီးရေးသားပေးပို့လျက်ရှိရာ ဝန်ထမ်းတိုင်း သတင်းပါဝင်မှုအရည်အသွေးနှင့် အရေအတွက်တိုးတက်စေရေးအတွက် သတင်းရေးသားပါဝင်မှုတိုင်းအတွက် သတင်းတို၁ပုဒ်လျှင် ၅၀၀ကျပ်၊ သတင်းလတ် ၁ပုဒ်လျှင် ၁၀၀၀ကျပ်၊ သတင်းရှည်၁ပုဒ်လျှင် ၂၀၀၀ကျပ်၊ ဆောင်းပါး ၁ပုဒ်လျှင် ၅၀၀၀ကျပ်နှုန်းဖြင့် သတင်းရေးသားပါဝင်သောဝန်ထမ်းများကို (၂၈-၉-၂၀၂၃) ရက်နေ့တွင် ဆုချီးမြှင့်ခဲ့ရာ Website သတင်းပါဝင်မှုအတွက် ပြည်နယ်မှူးက တစ်ပုဒ်လျှင် ၅၀၀ကျပ်ဖြင့် စုစုပေါင်း ၄၄ပုဒ်အတွက်လည်ကောင်း၊  Commerce Journal တွင် သတင်းနှင့်ဆောင်းပါးပါဝင်မှုအတွက် သတင်းနည်းဌာနခွဲတာဝန်ခံ ဦမျိုးဝင်းနိုင် (ဦးစီးအရာရှိ) က တစ်ပုဒ်လျှင် ၁၀၀၀ကျပ်ဖြင့်လည်းကောင်း သတင်းရေးသားသူများသို့ စာမူခများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။

    ၂၀၂၃ခုနှစ်၊ ဩဂုတ်လနှင့်စက်တင်ဘာလအတွင်း သတင်းရေးသားပါဝင်မှုအနေဖြင့် ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ) က ၁၉ပုဒ်၊ ဒေါ်ဇာခြည်အောင်(ဦးစီးမှူး)က ၁၆ပုဒ်၊ ဒေါ်သီတာဌေး (ဒုကြီးကြပ်ရေးမှူး)က  ၃ပုဒ်၊ ဒေါ်မေသဇင်ဖူး(ဒု-ဦးစီးမှူး)က ၃ပုဒ်၊ ဒေါ်နန်းပွင့်စန်းစန်း(ဒု-ဦးစီးမှူး)က ၇ပုဒ်၊ ဒေါ်စုနွေးသီရိမောင် (အကြီးတန်းစာရေး)က ၃ပုဒ်၊ ဒေါ်ဇူးမီမီဇော်မင်း(အငယ်တန်းစာရေး)က ၂ပုဒ်၊ ဒေါ်အေးအေးထွန်း (အငယ်တန်းစာရေး)က ၂ပုဒ်၊ ဒေါ်နန်းအေးမူ (ရုံးအကူမှူး)က ၁ပုဒ်နှင့် ဒေါ်ရီရီအောင်(ရုံးအကူမှူး)က ၂ပုဒ်၊ စုစုပေါင်း ၆၁ပုဒ်ဖြစ်ပြီး ဆောင်းပါး၃ပုဒ်ပါဝင်ကြောင်းသိရပါသည်။

 စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာန၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ဝန်ထမ်းတိုင်း သတင်းရေးသားတတ်စေရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု သတင်းရေးသားနည်းဆိုင်ရာဌာနတွင်း သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သတင်း/ ဆောင်းပါးရေးသားမှုအရည်အသွေးတိုးတက်စေရေးအတွက် အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြကြောင်းသိရပါသည်။

DOCA(ကရင်)