စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၃၀ရက်နေ့၊ နံနက် (၇:၀၀)နာရီအချိန်တွင် မြို့သန့်ရှင်းရေးသာယာလှပစေရန်အတွက် ရွှေဘိုမြို့၊ ရန်ကြီးအောင်ပန်းခြံ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုအရ ခရိုင်စီမံအုပ်ချုပ်ရေးရာအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား စားဝတ်နေရေး အထောက်အပံ့ဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်တို့ကို ဈေးနှုန်းချိုသာစွာရောင်းချပေးခဲ့ပါသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအားလုံးက ဝိုင်းဝန်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပြီးနောက် တန်ဖိုးသင့်စားသောက်ကုန်များဖြစ်သည့် ဆန်(၁)ပြည်လျှင် (၂၅၀ဝိ)/-ကျပ်၊ ဆီ (၅၀)ကျပ်သားတစ်ဘူးလျှင်(၂၅၀ဝိ/)-ကျပ်၊ ငါးကြင်းခြစ် (၂၅) ကျပ်သား(၁)ထုပ်လျှင် (၂၅၀ဝိ/-)၊ ကြက်ဥ(၅)လုံးပါ (၁)ထုပ်လျှင် (၁၀၀ဝိ/-)ကျပ်ဖြင့်ရောင်းချခဲ့ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စနစ်တကျတန်းစီ၍ ဝယ်ယူခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)