မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချ

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းချိုသာ၍ အရေအတွက်အလေးချိန်နှင့်အရည်အသွေး ပြည့်ဝမှန်ကန်စွာရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်း၊  မုံရွာခရိုင်စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ စားအုန်းဆီများဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းသိရသည်၊၊

    စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီတစ်ပိဿာရည်ညွှန်းဈေးအပေါ်အခြေခံ၍ သယ်ယူပို့ဆောင်ခအပါ ကုန်ကျစရိတ်တွင် အမြတ်၂ရာခိုင်နှုန်းတွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁ပိဿာနှုန်းဖြင့် ရောင်းချပေးကြောင်းသိရှိရသည်။

    မုံရွာခရိုင်အတွင်း (၁-၉-၂၀၂၃) ရက်နေ့မှ (၈-၉-၂၀၂၃) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၂၁၄၅၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၄၆၀၀ကျပ်ဖြင့်လည်းကောင်း (၁၁-၉-၂၀၂၃) ရက်နေ့မှ (၁၅-၉-၂၀၂၃) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၁၉၂၅၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့်လည်းကောင်း၊ (၁၈-၉-၂၀၂၃) ရက်နေ့မှ (၂၂-၉-၂၀၂၃) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၁၉၂၅၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၄၉၀၀ကျပ်ဖြင့်လည်းကောင်း၊ (၂၅-၉-၂၀၂၃) ရက်နေ့မှ (၃၀-၉-၂၀၂၃) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၁၉၂၅၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၄၈၀၀ကျပ်ဖြင့်လည်းကောင်း၊   စုစုပေါင်းပိဿာချိန် (၇၉၂၀၀) ပိဿာခန့်အား လူစည်ကားရာရပ်ကွက်များ၊ ဈေးများအပြင် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့စွန်ရပ်ကွက်များသို့ပါ ဈေးကားများဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်း မုံရွာခရိုင်စားသုံးဆီကုန်သည်များနှင့်စားသုံးဆီလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)