![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/719.jpg?itok=w4G10tBo)
မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားများကိုကာကွယ်ရန်၊ လုပ်ငန်းရှင်များအားလည်း မိမိတို့လိုက်နာရမည့် တာဝန်နှင့်တားမြစ်ချက်များကိုသိရှိစေရန်၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်နိုင်ရေးအတွက် တိုင်း/ ခရိုင်/ မြို့နယ်အလိုက် စားသုံးသူအသိပညာပေးခြင်းနှင့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလအတွင်း စားသုံးသူအသိပညာပေးဆွေးနွေးခြင်း (၄၃)ကြိမ်၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း(၆၀)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပါသည်။
၂၀၂၃ခုနှစ်၊ စက်တင်ဘာလအတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်နိုင်မှုအနေဖြင့် (၄၃)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီး ချောက်၊ ပခုက္ကူ၊ ကံမ၊ ရေနံချောင်း၊ မင်းဘူး၊ ဆိပ်ဖြူ၊ ဆင်ပေါင်ဝဲ၊ တောင်တွင်း၊ စလင်း၊ မြို့သစ်၊ သရက်၊ အောင်လံ၊ ဂန့်ဂေါ၊ မကွေးမြို့နယ်များအတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများသို့လည်းကောင်း၊ ပခုက္ကူမြို့၊ ပညာရေးဒီဂရီကောလိပ်ရှိ ကျောင်းသား/သူများအားလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်းများဆောင်ရွက်နိုင်ခဲ့ပြီး မင်းဘူး၊ ပွင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကျင်းပပြုလုပ်သော စာဖတ်ဝိုင်းရှိ ကျောင်းသား/သူများအားလည်းကောင်း၊ မင်းတုန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ကျင်းပပြုလုပ်သော စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကိုလည်းကောင်း၊ မကွေးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ဘဏ်ဝန်ထမ်းများနှင့် ကျွန်းပြတ်၊ ကြက်နှစ်ဖ၊ မီးသေ၊ ဒဟတ်တောကျေးရွာများမှ ပြည်သူများအားလည်းကောင်း၊ မကွေးမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ကျင်းပပြုလုပ်သော ထုတ်ပိုးမှုဆိုင်ရာ သင်တန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကိုလည်းကောင်း၊ ပွင့်ဖြူမြို့၊ စံပြရွာ၊ စက်ချုပ်သင်တန်းရှိ သင်တန်းသူများအားလည်းကောင်း၊ ပွင့်ဖြူမြို့၊ ပြည်လုံးကျော်ရွာ၊ လက်ပံနွယ်ရွာရှိ တောင်သူများအားလည်းကောင်း အသိပညာပေးဆွေးခဲ့ပါသည်။
လုပ်ငန်းရှင်များနှင့် (၆၀)ကြိမ်တွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ရာတွင် မင်းဘူး၊ ရေနံချောင်း၊ မကွေး၊ ဆိပ်ဖြူ၊ ဆင်ပေါင်ဝဲမြို့နယ်များရှိ စည်ပင်သာယာဈေးများ၌ ကုန်မျိုးစုံအရောင်းဆိုင်များ၊ မုန့်ထုတ်လုပ်သူလုပ်ငန်းရှင်များ၊ စတိုးဆိုင်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ မကွေးမြို့၊ နတ်မောက်မြို၊ အောင်လံမြို့၊ စလင်းမြို့၊ မြို့သစ် မြို့များရှိ ဆီစက်လုပ်ငန်းရှင်များအား သန့်ရှင်းမှုရှိစေရေးနှင့် လုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပေးဆွေးနွေးခြင်း၊ နတ်မောက်မြို့၊ သရက်မြို့၊ မကွေးမြို့နှင့် ကံမမြို့ရှိ ဆေးဆိုင်လုပ်ငန်းရှင်များ အား FDA ထောက်ခံချက်မရှိသော ဆေးဝါးများရောင်းချခြင်းမပြုရန်နှင့် ရောင်းချခွင့်ရှိသောဆေးဝါးများတွင်လည်း မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ဆေးဝါးများကိုသာရောင်းချသွားရန် အသိပညာပေးဆွေးနွေးခြင်း၊ ပခုက္ကူမြို့ရှိ ဧရာဦးသောက်ရေသန့်၊ အောင်လံမြို့၊ ပြလို့ကျေးရွာရှိ ဝတီသောက်ရေသန့်လုပ်ငန်းရှင်နှင့် ကျော်သောက်ရေသန့်လုပ်ငန်းရှင်တို့အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် လုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပေးဆွေးနွေးခြင်း၊ စလင်းမြို့၊ မင်းဘူးမြို့၊ ပခုက္ကူမြို့၊ ပွင့်ဖြူမြို့များရှိ စားသောက်ကုန်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပေးဆွေးနွေးခြင်း၊ တောင်တွင်းကြီးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များအား LED Board တွင် ဈေးနှုန်းများဖော်ပြရေး၊ စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး၊ အချင်အတွယ်မှန်ကန်မှုရှိစေရေး အသိပေးဆွေးနွေးခြင်းများဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)