ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ အမ်းမြို့နယ်တာဝန်ခံ ဦးမောင်ကျော်မြင့် (ဦးစီးအရာရှိ) နှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် အမ်းမြို့ပေါ်ရှိ အစားအသောက်အရောင်းဆိုင်များနှင့် ကုန်စုံဆိုင်မျာအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဦးစွာပထမ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှူးက စားသောက်ဆိုင်၊ ကုန်စုံဆိုင်ပိုင်ရှင်များအား စားသောက်/သုံးစွဲရန်မသင့်သောကုန်ပစ္စည်းတို့ကို ဆိုင်တင်ရောင်းချမှုမပြုစေရေးနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမောင်ကျော်မြင့် (ဦးစီးအရာရှိ) က အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ စားသောက်/ သုံးစွဲရန်မသင့်ဟုထုတ်ပြန်ထားသော အစားအသောက်၊ ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိစစ်ဆေးခြင်း၊ ကုန်စုံဆိုင်ပိုင်ရှင်များအား ၎င်းကုန်ပစ္စည်းများနှင့်ပတ်သက်၍ သိရှိစေရေး ရှင်းလင်းပြောကြားခြင်း၊ မိမိတို့ရောင်းချသည့်ကုန်ပစ္စည်းများနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အမြဲတမ်းလေ့လသိရှိရန်လိုအပ်ကြောင်းနှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအရ မြန်မာဘာသာဖြင့်ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာဖြန့်ဖြူးရောင်းချကြရန် အသိပညာပေးခဲ့ပါသည်။
ထို့နောက် မြို့နယ်တာဝန်ခံနှင့်ပူးပေါင်းအဖွဲ့သည် အစားအသောက်အရောင်းဆိုင်များနှင့်ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရခိုင်)