ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ အမှတ်(၁၃၄)၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကျင်းပ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးက အနီးကပ်ကြီးကြပ်၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး၊ ဒုတိယဦးစီးမှူး ဦးဇော်မင်းဦးနှင့် ဒုတိယဦးစီးမှူး ဒေါ်ပပရွှေနှင့် အငယ်တန်းစာရေး ဒေါ်သီတာနွယ်တို့သည် စားသုံးသူမိဘပြည်သူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား စားသုံးသူအခွင့်အရေးများသိရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၃-၁၀-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ အမှတ် (၁၃၄)၊ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ(၂၂၂)ဦး၊ ဆရာ/ဆရာမ(၁၂)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပါသည်။

 ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက စားသုံးသူရေးရာဦးစီးဌာန၏သမိုင်းကြောင်း၊ ဌာနဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ဌာန၏ဆောင်ရွက်နေသော လုပ်ငန်းဆောင်ရွက်ချက်များ၊ ဆောင်ပုဒ်ဖြစ်သော "စားသုံးသူအခွင့်အရေး ဦးစားပေး" ဟူသည့်အတိုင်း စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များကို ဦးစားပေးရှင်းလင်းခဲ့ပြီး ပြည်သူတိုင်းသည် စားသုံးသူဖြစ်ပြီး စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးရှိကြောင်း၊  မိမိတို့၏အခွင့်အရေးကို သဘောပေါက်နားလည်မှသာ တောင်းဆိုနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်းဖြင့် စားသုံးသူ၏အခွင့်အရေးကိုသိရှိနားလည်ပြီး အပြည့်အဝတောင်းဆိုတတ်ကြရန်၊ ကုန်စည် (သို့) ဝန်ဆောင်မှုများ၊ အစားအသောက်/ အသုံးအဆောင်များကိုဝယ်ယူ/အသုံးပြုသည့်အခါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိသည့် ကုန်ပစ္စည်း/ အစား အသောက်များကို ရွေးချယ်ဝယ်ယူတတ်ကြစေရန်နှင့် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအပေါ် အကျိုးပြုကာကွယ်ပေးနေသောဌာနဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ပပရွှေက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈)၊ ပုဒ်မ- ၄၁ အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားရှိသည့် ကုန်ပစ္စည်းများကိုသာရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် ပြည့်စုံစွာထည့်သွင်းဖော်ပြနိုင်ရန်နှင့် အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်ပစ္စည်း၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည့်အပြင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ကိုကြည့်ရှုပြီး ရွေးချယ်ဝယ်ယူစားသုံးသင့်ကြောင်း၊ စားသုံးသူ၏တာဝန်များအကြောင်းနှင့် တိုင်ကြားနိုင်သည့်အကြောင်းများကိုလည်းရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက ကျောင်းသား/ ကျောင်းသူများအနေဖြင့် စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များကိုသိရှိပြီး တောင်းဆိုတတ်ကြရန်နှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိကို သေချာစွာကြည့်ရှု့ဝယ်ယူတတ်စေရန်ပြောကြားပြီး မိမိတို့၏အသိပညာပေးဟောပြောဆွေးနွေးမှုများအနက် နားလည်နိုင်မှုစွမ်းရည်များကို မေးမြန်းဖြေကြားခြင်းတို့ပြုလုပ်ခဲ့ပြီး ဖြေကြားသော ကျောင်းသား/ ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ကြောပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)