ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးဆီအတုပြုလုပ်နေခြင်းကွင်းဆင်းစစ်ဆေး

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ မှ ဒုတိယ ဦးစီးမှူး ဒေါ်ယွန်းမီမီထွန်း ၊ ကျွန်းလှမြို့မစခန်းမှ ဒုရဲအုပ် ယူဝေမင်းနှင့်အဖွဲ့ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးမင်းကျော့မောင် ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင် တို့ပူးပေါင်းကာ (၄.၁၀.၂၀၂၃) ရက်နေ့ နံနက် (၀၈:၃၀)အချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဆီစက်များနှင့်  စားသုံးဆီအရောင်းဆိုင်များအား   စားသုံးဆီအတုပြုလုပ်၍ သိုလှောင်ဖြန့်ဖြူးရောင်းချမှုနှင့် စားအုံးဆီများအား မြေပဲအနံ့ရရှိစေရန် ရောစပ်ထားသော ဓါတုကုန်ကြမ်းပစ္စည်းများ ရောင်းချဖြန့်ဖြူးနေမှုများအား ကွင်းဆင်းစစ်ဆေးရာတွင်ပူးပေါင်းလိုက်ပါ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဆီစက်လုပ်ငန်းရှင်များမှ ရောနှောဆီများရောင်းချခြင်းမရှိကြောင်း မြေပဲဆီစစ်စစ်ကိုသာ တစ်ပိသာလျှင်(၁၄၀၀၀)ကျပ်နှုန်းဖြင့် ကြိတ်ခွဲ ရောင်းချလျက်ရှိပါကြောင်းနှင့်  ကျွန်းလှမြို့ ပေါ်ရပ်ကွက်များရှိ စားသုံးဆီဆိုင်များမှာလည်း  ကျွန်းလှမြို့ပေါ် ဆီစက်များမှ ထွက်ရှိသော မြေပဲဆီစစ်စစ်ကိုသာ ဝယ်ယူရောင်းချနေရကြောင်း ရောနှောဆီများ စားအုံးဆီများ ရောင်းချခြင်းမရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး စားသုံးဆီအတု ပြုလုပ်၍ သိုလှောင်ဖြန့်ဖြူး ရောင်းချမှုနှင့် စားအုံးဆီများအား မြေပဲအနံ့ရရှိစေရန် ရောစပ်ထားသော ဓါတုကုန်ကြမ်းပစ္စည်းများ ရောင်းချဖြန့်ဖြူးနေမှုများအားတွေ့ရှိရပါက ဥပဒေနှင့်အညီ စိစစ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)