ကန့်ဘလူမြို့၌ စားအုန်းဆီများ ဈေးနှုန်းသက်သာစွာရောင်းချပေး

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကန့်ဘလူမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ဆီကုန်သည်များနှင့်ပူးပေါင်းကာ (၄.၁၀.၂၀၂၃)ရက်နေ့၊ နံနက် ၀၇:၀၀နာရီက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ စားအုန်းဆီများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအားပြင်ပ ပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

       အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန်နှင့် စားဝတ်နေရေးအဆင်ပြေချောမွေ့စေရန်အတွက် စားအုန်းဆီ (၁)ပိဿာလျှင် (၅၂၀၀)ကျပ်ဖြင့် ပြည်သူတစ်ဦးလျှင်(၅၀)ကျပ်သားနှုန်း၊ ပြည်သူ(၁၅၀၀)ဦးအား ရောင်းချပေးခဲ့ကြောင်း ၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက် ရှိသော စားအုန်းဆီတစ်ပိဿာရည်ညွှန်းဈေးဖြင့် ရရှိသည့်အပေါ်မူတည်၍ ဆက် လက်ရောင်းချပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ဆီကုန်သည် ဦးနွေဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)