ကန့်ဘလူမြို့၊ အမှတ်(၄)(အ.မ.က)ကျောင်းတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

   ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး      ၊ စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့်ဝန်ထမ်း(၁)ဦးသည်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အမှတ်(၄)(အ.မ.က)ခွဲကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

  ပထမဦးစွာ ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက ကျောင်းသားလူငယ်များအနေဖြင့် ငယ်စဉ်ဘဝကပင် ကောင်းမွန်သောအလေ့အကျင့်များကို နည်းစနစ်မှန်ကန်စွာလုပ်ကိုင် ပြုမှုနေထိုင်တတ်ဖို့လိုကြောင်း၊ “ရှောင်လေဝေးဝေး မူးယစ်ဆေး” ဆိုသည့်အတိုင်း ကျောင်းသားလူငယ်များ အနေဖြင့် မူးယစ်ဆေးဝါးများကို အထူးရှောင်ကြဉ်ဖို့လိုကြောင်း၊ ဒါမှသာ အနာဂတ်မှာလင်းလက်တောက်ပပြီး အောင်မြင်တဲ့လူတစ်ယောက် ဖြစ်နိုင်မှာဖြစ်ကြောင်း ဟောပြောခဲ့သည်။

   ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်အိမွန်ကျော်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်အား ဟောပြောခဲ့ကြောင်း၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိသည့် စားသောက်ကုန်စည်များကို ရွေးချယ်ဝယ်ယူရမည့် နည်းလမ်းများကိုဟောပြောခဲ့ကြောင်း၊  နိဂုံးချုပ်အနေဖြင့် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းမှ စားသုံးသူများအနေဖြင့် မိမိတို့၏ စားသုံးသူအခွင့်အရေးများကို ရယူတောင်ဆိုဖို့လိုကြောင်း၊ သို့မှသာ မိမိတို့၏ပစ္စုပ္ပန်တွင်သာမကဘဲ အနာဂတ်မျိုးဆက်သစ်များအတွက်ပါ ကောင်းမွန်သာယာသည့် လူနေမှုပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးနိုင်မှာဖြစ်ကြောင်း ဟောပြောခဲ့ပြီး တက်ရောက်လာသည့် ဆရာ/ ဆရာမ နှင့်ကျောင်းသား/သူများကို အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)