ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဒုတိယအကြိမ် ရောင်းချလျက်ရှိ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းနှင့်ဒေါ်တင်မာရီတို့သည် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဆိပ်ဖြူမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားအုန်းဆီများကိုသက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံဆောင်ရွက်မှုဖြင့် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးရာတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ စားအုန်းဆီများ ရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီမှထုတ်ပြန်ပေးလျက်ရှိသော ရည်ညွှန်းဈေးအပေါ်အခြေခံ၍ အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။

   ဆိပ်ဖြူမြို့နယ်မှ စားအုန်းဆီပိဿာ(၂၇၅၀)အား ဒုတိယအကြိမ်ရောင်းချရာတွင် (၂၄.၉.၂၀၂၃) ရက်နေ့တွင် အနောက်ပိုင်းရပ်ကွက်နေပြည်သူများအား  ဆယ်မျက်နှာဘုန်းကြီးကျောင်းဝန်းအတွင်း၌ အိမ်ထောင်စု(၇၅၀)စုအတွက် စားအုန်းဆီပိဿာ(၇၅၀)၊ (၂၆.၉.၂၀၂၃)ရက်နေ့တွင် ရွာသစ်ရပ်ကွက်နှင့် ကိုးထောင့်ကျေးရွာအုပ်စုနေပြည်သူများအား ဆုတောင်းပြည့်ဘုန်းကြီးကျောင်းဝန်းအတွင်း၌  အိမ်ထောင်စု(၈၁၀)စုအတွက် စားအုန်းဆီပိဿာ(၈၁၀)၊ (၂၇.၉.၂၀၂၃)ရက်နေ့တွင် အလယ်ပိုင်း ရပ်ကွက်နေပြည်သူများအား ရတနာဘုံကျော်ဘုန်းကြီးကျောင်းဝန်းအတွင်း၌ အိမ်ထောင်စု(၆၄၀)စု အတွက် စားအုန်းဆီပိဿာ(၆၄၀)ပိဿာကိုရောင်းချခြင်းနှင့် (၂၈.၉.၂၀၂၃)ရက်နေ့တွင် မြို့နယ်အဆင့်ဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၊ ငွေသဲဖြူခန်းမရှေ့၌ အိမ်ထောင်စု (၁၈၀)စုအတွက် စားအုန်းဆီပိဿာ(၁၈၀)နှင့် ယောဝရပ်ကွက်နေပြည်သူများအား ပုပ္ပါးဇုံဘုန်းကြီးကျောင်းဝိုင်းအတွင်း၌  အိမ်ထောင်စု(၃၇၀)စုအတွက် စားအုန်းဆီပိဿာ(၃၇၀)ကို အိမ်ထောင်တစ်စုလျှင် စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၅၁၀၀)ဖြင့် သက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများကို အလှည့်ကျတန်းစီစနစ်ဖြင့် ရောင်းချပေးမှုအခြေအနေကို ကွင်းဆင်းစိစစ် ကြပ်မတ်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပါသည်။

DOCA(မကွေး)