မကွေးမြို့နယ်အတွင်းရှိ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝန်ထမ်းများအား သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိ

Powered by Drupal

    မကွေတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိသောစားအုန်းဆီများအား (၄.၁၀.၂၀၂၃)ရက်နေ့၊ ညနေ (၁၅:၄၀)အချိန်တွင် မကွေးမြို့နယ်အတွင်းရှိ ခရိုင်/ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်ရဲစခန်းရှိ တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအား စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၄၉၀၀)ဖြင့်  စားအုန်းဆီ(၅၅၀) ပိဿာအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပါသည်။

      ထိုသို့ ရောင်းချပေးရာတွင် အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊   ရောင်းချရာတွင် စနစ်တကျရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ကြီးကြပ်ဆောင်ရွက် ခဲ့ပြီး စားအုန်းဆီဝယ်ယူသောဝန်ထမ်းများမှလည်း စနစ်တကျဖြင့် တန်းစီ၍ဝယ်ယူခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မကွေး)