ချောက်မြို့နယ်၊ ဆင်ကကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ထိန်ကန်အုပ်စု၊ ဆင်ကကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျောင်းသား/ကျောင်းသူများအား  ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ် ရေးရာအသိပညာပေးဟောပြောပွဲကို (၄.၁၀.၂၀၂၃)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျင်းပခဲ့သည်။ ရှေးဦးစွာ ဆင်ကကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နောလီက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက “သဘာဝဘေး အသိပညာပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အကြီးတန်း စာရေး ဒေါ်ချယ်ရီခိုင်က “အားကစားနှင့်လူငယ်ရေးရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံဒေါ်မြတ်မြတ်မိုးက “ကုန်အညွှန်းအမှတ်အသား ပြည့်စုံ စွာပါဝင်သည့်ပစ္စည်းများအား ဝယ်ယူသုံးစွဲတတ်စေရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒု-ဦးစီးမှူး ဦးစိုးဝဏ္ဏထင်က “မီးခိုးမြူငွေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အကြီးတန်း စာရေးဒေါ်ချယ်ရီခိုင်က ကျောင်းအတွက် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ရာ ဆင်က ကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်လီက လက်ခံရယူခဲ့ပြီး ဟောပြောပွဲတက်ရောက်လာသည့် ကျောင်းသား / ကျောင်းသူများအား သက်ဆိုင်ရာဌာနအလိုက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

     ထို့နောက် မူလတန်းအဆင့်ကျောင်းသား/ကျောင်းသူလေးများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ပုံပြင်ပြောပြခြင်း၊ စကားပုံများမေးမြန်းခြင်း၊ ဉာဏ်စမ်းအမေး/ အဖြေ မေးမြန်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

     အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်လီနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၀၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ‌ဒေါ်မြတ်မြတ်မိုးက ချောက်-ဆင်က လမ်းမကြီးပေါ်ရှိ ကုန်စုံဆိုင်များနှင့်အလှကုန်ပစ္စည်းများ ရောင်းချသောဆိုင်များအား ကွင်းဆင်း၍ စားသုံးသူအန္တရာယ်ကင်းရှင်း စေရေးစစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြ မှုရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)