မင်းဘူးခရိုင်၌ ချည်မျှင်ရှည်ဝါအထွက်နှုန်းကောင်းရရှိရေး စိုက်ပျိုးမှုအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင် ၂၀၂၃-၂၀၂၄ခုနှစ် မိုးရာသီကာလ၌ ချည်မျှင်ရှည်ဝါ (၁)ဧကလျှင် ပိဿာ(၇၀၀)အထွက်နှုန်းကောင်းရရှိရေးအတွက် မင်းဘူး(စကု)မြို့နယ်၊ ပွင့်ဖြူမြို့ နယ်၊ ငဖဲမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်တို့တွင် စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

  ချည်မျှင်ရှည်ဝါသီးနှံကို မင်းဘူး(စကု)မြို့နယ်တွင် ကျေးရွာ(၃၈)အုပ်စုရှိတောင်သူပေါင်း (၄၆၉)ဦးမှ စိုက်ဧက(၁၈၇၉)ဧက၊ ပွင့်ဖြူမြို့နယ်တွင်ကျေးရွာ(၅)အုပ်စုရှိ တောင်သူပေါင်း(၁၀၆)ဦးမှ စိုက်ဧက(၁၂၄၈)ဧက၊ စလင်းမြို့နယ်တွင် ကျေးရွာ(၉)အုပ်စုရှိတောင်သူပေါင်း(၁၈၆၇)ဦးမှ စိုက်ဧက (၁၂၅၁၅)ဧက၊ ငဖဲမြို့နယ်တွင် ကျေးရွာ(၁၆)အုပ်စုရှိ တောင်သူပေါင်း(၅၀၃)ဦးမှ စိုက်ဧက(၉၀၀) ဧက၊ စေတုတ္တရာမြို့နယ်တွင် ကျေးရွာ(၁)အုပ်စုရှိ တောင်သူပေါင်း(၂၅)ဦးမှ စိုက်ဧက(၅၀)ဧက၊ စုစုပေါင်းကျေးရွာအုပ်စု(၆၉)အုပ်စုရှိ တောင်သူပေါင်း(၂၉၇၀)ဦးမှ စိုက်ဧက(၁၆၅၉၂)ဧကအား စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် မင်းဘူးခရိုင်အတွင်း သီးနှံအထွက်နှုန်းကောင်းရရှိရေးအတွက် စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ ချည်မျှင်ရှည်ဝါသီးနှံများကို စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ နှင့်ပူးပေါင်း၍ သီးနှံမျိုးစေ့များနှင့်စိုက်ပျိုးနည်းစနစ်များကိုလည်း ပညာပေးဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

DOCA(မကွေး)