စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆောင်ရွက်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ခရိုင် ဦးစီးမှူး ဦးဝေဠုအောင်ကအနီးကပ်ကြီးကြပ်၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ နှင့်ဝန်ထမ်းများအဖွဲ့သည် (၆.၁၀.၂၀၂၃)ရက်နေ့ ၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ပခုက္ကူမြို့၊  အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမ(၅)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၃၈)ဦး တို့အား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

       စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်း နှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဦးစီးဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ ဌာနမှလက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရေး ဆောင်ရွက်ရာတွင် စားသုံးသူ၏ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ငွေကြေးပိုင်းဆိုင်ရာဖြစ်စေ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

           ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်တင်တင်မော်ကဆွေးနွေးရာတွင် ဦးစီးဌာန၏ဆောင်ပုဒ်မှာ “စားသုံးသူအခွင့်အရေးဦးစားပေးရန်” ဖြစ်ကြောင်း၊ ယင်းဆောင်ပုဒ်အတိုင်း စားသုံးသူအခွင့်အရေးများအား သိရှိနိုင်ရန် အသိပညာပေးရခြင်းများဆောင်ရွက်လျက်ကြောင်း၊ အခွင့်အရေးနှင့်တာဝန်များကို သိရှိမှသာရယူနိုင်ပြီး နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်မလာနိုင်ကြောင်း၊ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထိခိုက်နစ်နာမှုများရှိလာပါက တိုင်ကြားခွင့်၊ အလျော် အစားရပိုင်ခွင့်နှင့် ကုစားခွင့်များအား ရှင်းလင်းဟောပြောခဲ့ပါသည်။

              ဒုတိယဦးစီးမှူး ဒေါ်သူဇာကျော်ကဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်(၈)ချက်အား ကျောင်းသား/ကျောင်းသူများ အလွယ်တကူ နားလည်နိုင်စေရန် အတွက် နမူနာများကို ရှင်းလင်းပြသ၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော စားသောက်ကုန်နှင့် သတ်မှတ်ချက်နှင့်မညီသော အစားအသောက်များအား ခွဲခြားတတ်စေရန်နှင့် စားသုံးသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (1535)အား ဖွင့်လှစ်ထားကြောင်း၊ စားသုံး သူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ထို့နောက်အသိပညာပေးဟောပြောဆွေးနွေးပွဲအပြီးတွင် ဟောပြောခဲ့သည့်အကြောင်းအရာများကို အမေးအဖြေပြုလုပ်၍ဖြေဆိုနိုင်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)