တောင်ငူမြို့၊ ညောင်ပင်ဈေးမှ ကျွဲကောသီး (ခေါ်) ရှောက်ပန်းသီးများ

Powered by Drupal

      တောင်ငူမြို့၏အရှေ့ဘက် တောင်ပေါ်ဒေသဖြစ်သော ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှ ရာသီအလိုက်ထွက်ပေါ်လာသော သစ်သီးဝလံများ တောင်ငူမြို့သို့ လာရောက်ရောင်းချလျက်ရှိရာ ယခုအခါတွင် ကျွဲကောသီးအဖြူသီးနှင့် အနီသီးများဝင်ရောက်လာပါသည်။

    ကျွဲကောသီးကို ရှောက်ပန်းသီးဟုလည်းခေါပြီး အရသာမှာ မချိုလွန်း/ မချဉ်လွန်းရှိသဖြင့် သကြာအနည်းငယ်နှင့်ရောစပ်ပါက ပို၍ကောင်းမွန်ပါသည်။ ကျွဲကောသီးသည် သွေးပျစ်ခြင်းကို ကာကွယ်ပေးကြောင်းသိရပါသည်။

     ကျွဲကောသီးပေါ်ခါစတွင် တစ်လုံးလျှင် အကြီး ၂၅၀၀ကျပ်၊ အလတ် ၂၀၀၀ကျပ်နှင့် အသေး ၁၅၀၀ကျပ်ရှိခဲ့ရာမှ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလတွင် အလုံးကြီးတစ်လုံးလျှင် ၁၅၀၀ကျပ်၊ အလုံးလတ်တစ်လုံးလျှင် ၁၀၀၀ကျပ်၊ အလုံးသေးတစ်လုံးလျှင် ၈၀၀ကျပ်၊ နှစ်လုံးယူလျှင် ၁၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)