မိုခါဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်ပြည်သူများအတွက် ဆန်များတင်ပို့

Powered by Drupal

          ၂၀၂၃ ခုနှစ်၊ မေလအတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ မိုခါဆိုင်ကလုန်းမုန်တိုင်း သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသများ၌ ထိရောက်သည့် ပံ့ပိုးမှုပေးနိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဝယ်ယူခဲ့သည့် ကုမ္ပဏီ (၇) ခု၏ ဆန်အိတ် (၄၂၀၀၀) ကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပိုင် MV-CHARITY ရေယာဉ်ဖြင့် တင်ပို့နိုင်‌ရေး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ကျဝန်ထမ်းများသည် ၉-၁၀-၂၀၂၃ ရက်နေ့တွင် ဆန်တင်ပို့ခြင်းလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)