စီးပွားရေးလုပ်ငန်းရှင်များအား သွားရောက်တွေ့ဆုံအသိပညာပေးဆွေးနွေးစို့

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၅.၉.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား  လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး မိမိတို့လုပ်ငန်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး အကျိုးစီးပွားအောင်မြင်ဖြစ်ထွန်းစေရန်အတွက် ဒေသတွင်း စားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော လုပ်ငန်းရှင်များထံသို့သွားရောက်၍ အသိ ပညာပေးဆွေးနွေးခဲ့ပါသည်။

      စားသုံးသူရေးရာဌာနခွဲတာဝန်ခံမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့် သွင်းဖော်ပြရမည့်အချက်အလက်များ၊ လုပ်ငန်းရှင်များမှလည်း မိမိတို့ ထုတ်လုပ်သောကုန်စည် အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များနှင့် ကိုက်ညီသည့် ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင် ကြောင်း ဆွေးနွေးပါသည်။

       ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်စည်များတွင် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့် အရည်အသွေးစံ သတ်မှတ် ချက်များအပေါ် အခြေခံ၍ အာမခံချက်ပေးခြင်း၊ နစ်နာဆုံးရှုံးမှုဖြစ်ပွားစေသည့် ကုန်စည်ကို တိုက်ရိုက်ရောင်းချခြင်း(သို့) သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ရန်နှင့် အာမခံပေးထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးရန်စသည့်အချက်များမှာ မိမိတို့၏ တာဝန်များဖြစ်သောကြောင့် တိကျစွာ လိုက်နာဆောင်ရွက်စေလိုကြောင်း၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ဈေး ကွက်များပိုမိုရရှိလာနိုင်ကြောင်း၊ မိမိတို့ဌာနမှစစ်ဆေးရေးအရာရှိများမှလည်း ဈေးကွက်စောင့်ကြည့် စစ်ဆေးပေးလျက်ရှိပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ထုတ်ကုန်များအား စားသုံးသူ ကာကွယ်ရေးဥပဒေအရ ဈေးကွက်အတွင်းမှလျော့နည်းပပျောက်အောင် ဖယ်ရှားသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)