ပြည်မြို့ရှိ ကုန်မျိုးစုံဆိုင်များသို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုအရ ပြည်မြို့ရှိ မြို့မစည်ပင်သာယာဈေးကွက်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ပြည်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၀-၁၀-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများပါဝင်သောအဖွဲ့နှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   ထိုသို့ စစ်ဆေးရာရာ၌ မြို့နယ်ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့အနေဖြင့် သောက်ရေသန့်အမျိုးမျိုး၏ ထုပ်ပိုးမှုအပြင်အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားရှိကြောင်း လေ့လားသိရှိရပါသည်။

DOCA(ပဲခူး)