ရွှေတောင်မြို့နယ်ရှိ သောက်ရေသန့်ဘူးများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များသို့  (၆-၁၀-၂၀၂၃)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် သွားရောက်၍ သောက်ရေသန့်ဘူးများအား ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြိုနယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာဝန်ထမ်းများနှင့်ပူးပေါင်း၍ စစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ရေသန့်ဘူးများဖြန့်ဖြူးထုတ်လုပ်ရောင်းချရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ အရ ကုန်ပစ္စည်းအမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ သိရှိရန်နှင့် အကယ်၍ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ရေသန့်ဘူးသန့်ရှင်းမှုရှိစေရေး အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)