ပြည်ပဲကြီး မျိုးပဲအချို့နှင့် ပဲကြော်ဖိုလုပ်ငန်းသမားများ အဝယ်ရှိ

Powered by Drupal

     ပြည်ပဲဈေးကွက်မှာ ဈေးအမြင့်ဖြင့်  ရောင်းဝယ်လျက်ရှိသော အခြားပဲများထက် ဈေးကောင်းရလျက်ရှိသော ပဲကြီးသီးနှံဟာဆိုလျှင် ယခုအောက်တိုဘာ လဆန်းပိုင်းတွင်လည်း ဈေးအမြင့်ဖြင့် ဆက်လက်အရောင်းအဝယ်ဖြစ်နေခဲ့ပါသည်။ ပဲကြီးသီးနှံသည် အောက်တိုဘာလတွင် စိုက်ပျိုးမှု များကြသည့်နည်းတူ  မိုးစပါးစိုက်လယ်မြေများ၏ လယ်ကန်သင်းများတွင် တောင်သူအချို့ စိုက်ပျိုးမှုရှိကြသည့်အတွက် မျိုးပဲအဝယ်အနည်းငယ်ရှိသလို ဒေသတွင်းပဲကြော်ဖို လုပ်ငန်းသမား များကလည်း ပုံမှန်ဝယ်ယူမှုရှိကြပါသည်။ ဒါကြောင့် တစ်ရက် အိတ် ၂၀၀/၃၀၀ ကျော် ရောင်းဝယ်မှုဖြစ်ပြီး ဈေးအနေဖြင့် (ရွှေကျွန်း) တစ်တင်း ၁၀၃၅၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၁၀၂၀၀၀ ကျပ်တို့ဖြင့် အသီးသီးရောင်းဝယ်နေကြပါသည်။ ပဲကြီးသီးနှံသည် ဈေးကွက်အတွင်း လက်ကား ရောင်းဝယ်မှုအဖြစ်များသော ပဲဈေးကွက်၌ ဈေးအမြင့်ဆုံးဖြစ်သလို အရောင်းအဝယ်လည်း သွက်နေသည့် ပဲသီးနှံဖြစ်နေခဲ့ပါသည်။ ယခင်နှစ်က ပဲကြီးသီးနှံ၏ အောက်တိုဘာလအတွင်း အရောင်းအဝယ်ဖြစ်ခဲ့သောဈေးမှာ တစ်တင်း ၇၁၀၀၀ ကျပ်မှ ၈၀၀၀၀ ကျပ်အထိ ရရှိခဲ့သည့်အတွက် အခြားပဲများနှင့်ယှဉ်လျှင် ဈေးကောင်းပိုရသည့် သီးနှံဖြစ်ပြီး ယခုနှစ်မှာလည်း ယခင်နှစ်ထက် ဈေးပိုရကာ ဈေးကောင်းဆက်ရနေသည့် သီးနှံဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)