ပြည်နှမ်းဈေးကွက်တွင် မိုးနှမ်းဈေးများကျဆင်းလာ

Powered by Drupal

    ပြည်ဈေးကွက်သို့ မိုးနှမ်းများကို နတ်တလင်း၊ မိုးညိုနှင့် မြန်အောင်ဘက်မှ နှမ်းနက်နှင့် နှမ်းနီ တစ်နေ့လျှင် အိတ် ၅၀၀/၆၀၀ ခန့် ဝင်ရောက်လာခဲ့ပါသည်။ ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများတွင် ယခုအချိန်တွင် မိုးနှမ်းများရိတ်သိမ်းပြီးဖြစ်၍ နှမ်းလက်ကျန်များ နည်းသွားသော်လည်း အခြား မြို့နယ်များမှ ဝင်ရောက်လာသောနှမ်းများဖြင့်သာ ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဝင်ရောက်လာသောနှမ်းများနှင့် ဈေးကွက်လက်ကျန်နှမ်းများကို မန္တလေးဝယ်လက်များက ဝယ်ယူမှုရှိသဖြင့် ဈေးကွက်တွင် နှမ်းအရောင်းအဝယ်နေ့စဉ်ဖြစ်လျက်ရှိပါသည်။ အောက်တိုဘာလ ပထမပတ်တွင် မိုးနှမ်းဈေးများမှာ နှမ်းနီ (၃)တင်းတစ်အိတ်လျှင် ၃၀၅၀၀၀ကျပ်၊ နှမ်းနက် (၃)တင်းတစ်အိတ်လျှင် ၂၇၀၀၀၀ကျပ် နှင့် စမုံနက်နှမ်း (၃)တင်း တစ်အိတ် လျှင် ၃၁၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင် စက်တင်ဘာလကုန်ပတ်နှင့်ယှဉ်လျှင် နှမ်းနီ(၃) တင်း တစ်အိတ်လျှင် ၅၀၀၀ကျပ်၊ နှမ်းနက်(၃)တင်းတစ်အိတ်လျှင် ၁၀၀၀၀ကျပ် နှင့် စမုံနက်နှမ်း (၃)တင်းတစ်အိတ်လျှင် ၅၀၀၀ကျပ်ဖြင့် ဈေးအနည်းငယ်ကျဆင်းလာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)