ပြည်မြေပဲဆန်ဈေးများဆက်လက်ကျဆင်းလာ

Powered by Drupal

   ပြည်ဈေးကွက်တွင် ယခု အောက်တိုဘာလ ပထမပတ်၌ မြေပဲဆန်ဈေး အနည်းငယ်ကျဆင်း လာပါသည်။ ဝင်ရောက်မှုမှာ ယခင်အပတ်က မိုးများရွာသွန်းသဖြင့် အဝင်နည်းသွားသော်လည်း ယခုအောက်တိုဘာလ ပထမပတ်တွင် မြေပဲဆန်အိတ် ပိဿာ ၂၀ ဝင် ၁တင်းအိတ် (၉၀၀-၁၀၀၀)ခန့် ဝင်ရောက်မှုရှိပြီး ဝင်ရောက် လာသောဒေသများမှာ ပြည်အနီးတဝိုက်ကျေးရွာများနှင့် ပေါက်ခေါင်း၊ ကံမ နှင့် ရွှေတောင်  စသည့်နေရာဒေသတို့မှ ဝင်ရောက်လာခဲ့ပါသည်။ ပြည်ဈေးကွက်ရှိ မြေပဲဆန်များကို အညာဒေသ များဖြစ်သော ရေနံချောင်း၊ မကွေး၊ ပခုက္ကူနှင့် မန္တလေးဘက်မှ ဝယ်လိုအားရှိပြီး တစ်နေ့လျှင် ပိဿာ ၂၀ ဝင် ၁တင်းအိတ် ၁၀၀၀ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။ ယခုအောက်တိုဘာလ ပထမပတ်တွင် ပြည်ဈေးကွက်၌ အရောင်းအဝယ်ဖြစ်သော မြေပဲဆန် ဈေးများမှာ ဆီဆန် (အဖြူ)တစ်ပိဿာလျှင် ၅၆၀၀ကျပ်၊ ဆီဆန်(အနီ) တစ်ပိဿာလျှင် ၆၀၀၀ ကျပ်နှင့် လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၆၂၀၀ကျပ်၊ လုံးဆန် (အနီ)တစ်ပိဿာလျှင် ၆၆၀၀ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။ ယခင် စက်တင်ဘာလစတုတ္ထပတ်နှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၄၀၀ကျပ်မှ ၁၀၀၀ကျပ်အထိ ဈေးကျသွားခဲ့ပါသည်။ ယခုလိုဈေးများ အနည်းငယ်ကျဆင်းသွားရခြင်းမှာ ယခုနှစ်တွင် အထွက်နှုန်းများ ကောင်းမွန်ပြီး ဈေးကွက်တွင် ပစ္စည်များရှားပါး မှုမရှိခြင်းကြောင့်ဖြစ်ပြီး ဝယ်လိုအားလည်းကောင်းလာသည့်အတွက်ကြောင့် အရောင်းအဝယ် ပုံမှန်ဖြစ်သော်လည်း ဈေးအနည်းငယ် ကျဆင်းလာတာ ဖြစ်တယ်လို့ သိရပါသည်။

DOCA(ပဲခူး)