ရွှေဘိုမြို့ရှိ ဈေးကွက်မရောက်မီကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်ရောက်ပြီးကုန်စည်များသာမက ဈေးကွက်မရောက်မီကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၃-၁၀-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်း၏ အလုပ်ရုံအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးသည့် ကိတ်မုန့်၊ ပေါင်မုန့်လုပ်ငန်းအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသောကြောင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်အား ဌာနမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No. (1535) သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)