ဘားအံမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၁၅-၁၀-၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် အမှတ်(၄)ရပ်ကွက်၊ ကမ်းနားလမ်းကြား၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌  သင်တန်းဆရာ/ ဆရာမ၊ သင်တန်းသူများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။

    အဆိုပါဟောပြောပွဲတွင် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစိုးဝင်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးမျိုးဝင်းနိုင်က စားသုံးသူ အခွင့်အရေးအကြောင်းကိုလည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင်ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားအကြောင်းကိုလည်းကောင်း မုန့်မျိုးစုံဖြင့် ဥပမာပေးကာ ပိုမိုနားလည်အောင် အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာတို့ လူကိုယ် တိုင်ဖြင့်ဖြစ်စေ၊  ဖုန်းဖြင့်ဖြစ်စေ၊ Website ဖြင့်ဖြစ်စေ၊ Consumer Call Center – 1535 တို့ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။

     ဟောပြောပွဲသို့ သင်တန်းဆရာ/ ဆရာမ (၄) ဦး သင်တန်းသူ (၂၅) စုစုပေါင်း (၂၉) ဦးတက်ရောက်ခဲ့ကြကြောင်း၊ တက်ရောက်လာသူများကို စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း၊ ဟောပြောပွဲအား ၁၁:၀၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်းသိရသည်။ ထို့နောက် ရက်ကန်းစက်ရုံသို့ ကြည့်ရှု့လေ့လာခဲ့ကြောင်း သတင်းရရှိသည်။

DOCA (ကရင်)