ငါန်းဇွန်မြို့၊ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်တာဝန်ခံသည် ငါန်းဇွန်မြို့ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ (၁၁-၁၀-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကျင်းပပြုလုပ်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့တက်ရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။

      ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချိုမြင့်ကြည်က “လူငယ်များအတွက် အောင်မြင်ရေးနည်းလမ်း (သို့မဟုတ်) ဗလငါးတန်ဖွံဖြို့ရေး” ခေါင်းစဉ်ဖြင့် ကျောင်းသား/ ကျောင်းသူများအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂဗလ၊ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်အတွက် လေ့ကျင့်ပြုမှုနေထိုင်သင့်သည် အချက်တို့ကိုဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ် တာဝန်ခံ ဒေါ်သင်းသင်းဆွေက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏အဓိပ္ပါယ်များ၊ နစ်နာဆုံးရှုံးမှု၏အဓိပ္ပါယ်နှင့် ကုန်အညွှန်းအမှတ်အသားများကိုရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူများမှာ ငယ်ရွယ်သည့်ကလေးသူငယ်များဖြစ်သည့်အတွက် ကျောင်းတွင်ဖြစ်စေ၊ မိမိတို့၏နေထိုင်ရာရပ်ကွက်များ၌ဖြစ်စေ အစားအစာများဝယ်ယူစားသောက်ရာ၌ အသင့်စားအစားအစာများကို ရွေးချယ်ဝယ်ယူစားသုံးရန်နှင့် သတိပြုစားသုံးကြရန်၊ တချို့အစားအသောက်များမှာ ခွင့်မပြုဓာတုဆိုးဆေးများ၊ ကြာရှည်ခံဆေးဝါးများပါရှိသည့်အတွက် ခန္ဓာကိုယ်ကြီးထွားမှု၊ ဉာဏ်ရည်ဖွံဖြိုးမှုများကိုထိခိုက်နိုင်ပြီး ရောဂါမျိုးစုံဖြစ်ပွားတတ်ကာ ရေရှည်တွင် ကင်ဆာအဆင့်အထိဖြစ်ပွားတတ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကုန်စည်များကိုဝယ်ယူစားသောက်သုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများကို သေချာစွာဂရုစိုက်ကြည့်ရှုကြရန်လိုအပ်ပါကြောင်း၊ တချို့မှာ သက်တမ်းလွန်ကုန်စည်များကို ရောင်း ချမှုများရှိသည့်အတွက် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်း အလေးထားကြည့်ရှု၍ဝယ်ယူကြရန်၊ သက်တမ်းလွန်အစားအစာများကိုစားသုံးမိပါက ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုးများသာရရှိနိုင်မည်ဖြစ်ကြောင်း၊ မြန်မာဘာသာဖြင့်ထည့်သွင်းဖော်ပြထားသော အစားအသောက်များကိုသာရွေးချယ်ဝယ်ယူကြရန်၊ အစားအသောက်များတွင်သာမက မည်သည့်ကုန်ပစ္စည်းမဆို မြန်မာဘာသာအညွှန်းများပါရှိမှသာ လုံခြုံစိတ်ချရမည်ဖြစ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားများကို ငယ်ရွယ်စဉ်မှစ၍ ကြည့်ရှုဝယ်ယူကြရန် အလေ့အကျင့်များရှိရန်လိုအပ်ကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများကိုလည်း အရေးဆိုတိုင်ကြားနိုင်ပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ဟောပြောဆွေးနွေးပွဲများမှရရှိသည့် အသိပညာဗဟုသုတများကိုလည်း မိမိတို့၏မိသားစုဝင်များ၊ မိတ်ဆွေအပေါင်းအသင်းများသာမက မိမိတို့၏ပတ်ဝန်းကျင်များတွင်လည်း အသိပညာဗဟုသုတများပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများလည်းရှိကြရန်နှင့် ပြန်လည်မျှဝေပေးရန်လိုအပ်ကြောင်း စသည်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၄၅)ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)